မကြာခင်သီတင်းကျွတ် အချိန်ခါသမယကိုရောက်ရှိတော့မှာဆိုတော့ Terminal M ရဲ့ သူငယ်ချင်းများအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ အစီအစဉ်ကောင်းများစွာကိုပြုလုပ်ပေးဖို့ရှိနေပါတယ်။
အောက်တိုဘာ ၁ ရက် မှ ၂၆ ရက်ထိ ပြုလုပ်သွားမယ့် “သီတင်းကျွတ်ကောင်းမှု တို့အတူပြု” အစီအစဉ်
- သီတင်းကျွတ်အချိန်ခါသမယတွင် လူကြီးမိဘများအား ဂါရဝပြုကြသည်နှင့်အညီ Terminal M ၏ ဈေးဝယ်သူများအတွက် ဈေးဝယ်ရင်း မိမိချစ်ခင်လေးစားရသူများကို သီတင်းကျွတ်ဂါရဝပြုနိုင်မည့် မွန်မြတ်သည့် အစီအစဉ် တစ်ခုအား Terminal M မှ ပြုလုပ်ပေးသွားမည်ဖြစ်သည်။
- Terminal M ၏ “သီတင်းကျွတ်ကောင်းမှု တို့အတူပြု” အစီစဉ်သည် ဈေးဝယ်သူများ၏ မိဘ၊ ဆရာ နှင့် ချစ်ခင်လေးစားရသူ သုံးဦးထဲမှ မိမိဂါရဝပြုလိုသည့် သူတစ်ဦးအား Terminal M ဘက်မှ ဆက်သွယ်ကာ ဂါရဝလက်ဆောင်အဖြစ် ၁သိန်းကျပ်တန် Terminal M Gift Card အား ဈေးဝယ်သူများကိုယ်စားပေးပို့ပေးသွားမည့်အစီအစဉ်ဖြစ်ပါသည်။
- “သီတင်းကျွတ်ကောင်းမှု တို့အတူပြု” အစီအစဉ်တွင် ပါဝင်လိုသူများသည် Terminal M တွင် အနည်းဆုံး ၃သောင်းဖိုး ဈေးဝယ်ထားသည့် Voucher များဖြင့် မိမိအမည်၊ သီတင်းကျွတ်တွင် မိမိဂါရဝပြုလိုသူ အမည်၊ ဖုန်းနံပါတ်နှင့် ဂါရဝပြုကြောင်း ရေးသားထားသည့်စာနှင့်အတူ မိဘ၊ ဆရာ နှင့် ချစ်ခင်ရသူ ပုံး (၃) ခုထဲမှ တစ်ခုထဲသို့ထည့်ရမည်ဖြစ်သည်။
- “သီတင်းကျွတ်ကောင်းမှု တို့အတူပြု” အစီအစဉ်ကို အောက်တိုဘာလ (၁) ရက် မှ အောက်တိုဘာလ (၂၆) ရက်ထိပြုလုပ်သွားမှာဖြစ်ပြီး ဂါရဝပြုခံရသူ ၃ဦးအား အောက်တိုဘာလ (၂၇) ရက်နေ့ နေ့လည် ၁နာရီတွင် Terminal M Facebook Page မှ Live လွှင့်ကာ ရွေးချယ်ပေးသွားမှာဖြစ်ပါသည်။
- ယခုအစီအစဉ်တွင် ပါဝင်လိုသူများအနေဖြင့် အောက်ပါ စည်းမျဉ်းစည်းကမ်းများအား လိုက်နာရန်လိုအပ်ပါသည်။
စည်းမျဉ်းစည်းကမ်းများ
- ၃သောင်းဖိုး ဈေးဝယ်ထားသည့် Voucher ဟုဆိုရာတွင် တစ်နေ့အတွင်း အသုံးပြုထားသည့် Voucherများသာလျှင် အကြုံးဝင်မည်ဖြစ်ပြီး Voucher များပေါင်းခွင့်မရှိပါ။
- ဖျက်ရာပြင်ရာပါသော Voucher များနှင့် စုတ်ပြဲနေသော Voucher များ အကျုံးဝင်မည် မဟုတ်ပါ။
- ဂါရဝလက်ဆောင် ပေးပို့မည့် ၁သိန်းကျပ်တန် Terminal M Gift Card အား ငွေသားဖြင့် လဲလှယ်ပေးမည်မဟုတ်ပါ။
- အငြင်းပွားမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက Terminal M ၏ ဆုံးဖြတ်ချက်သာ အမှန်ဖြစ်သည်။